top of page
Humanitarian Myanmar

HUMANITARIAN
& DEVELOPMENT
FOUNDATION

for MYANMAR

Force of good for people

HDFM ဆိုသည်မှာ...

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (Humanitarian and Development Foundation for Myanmar - HDFM) သည် US အခြေစိုက် တရားဝင်မှတ်ပုံတင်ပြီး ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့အစည်းတွင် အသက်အရွယ်စုံပါဝင်ကြပြီး မတူညီသောနောက်ခံအခြေအနေများမှ မိတ်ဆွေများဖြင့် ဖွဲ့စည်းထားကာ “မြန်မာနိုင်ငံကို ပိုမို၍အပြုသဘောဆောင်သော အနာဂတ်တစ်ခုဆီသို့ ဖွံ့ဖြိုးတိုးတက်စေရန်” ဟူသည့် တစ်ခုတည်းသောဦးတည်ချက်အတွက် ဆောင်ရွက်နေကြခြင်း ဖြစ်ပေသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာနိုင်ငံမှ ပြည်သူများမှာ တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများနှင့် ထိတ်လန့်ခြောက်ခြားမှုများကြောင့် ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာများကို ကြုံတွေ့ခံစားနေကြရကာ ကမ္ဘာတစ်လွှားမှလည်း ထိုကိစ္စ၏ နောက်ဆက်တွဲဂယက်များကို သိရှိခံစားခဲ့ရလေသည်။ ကျွန်ုပ်တို့၏ စေတနာ့ဝန်ထမ်းများအနေဖြင့်
၁. မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် ပြည်သူလူထု၏ လူမှုအသိုက်အဝန်းပြဿနာများကို ပိုမို၍ သတိပြုအလေးထားမိလာကြစေရေးအတွက် လှုပ်ရှားဆောင်ရွက်ရန်နှင့် 
၂. လက်ရှိအချိန်အပြင် အနာဂတ်တွင်ပါကြုံတွေ့လာရနိုင်သည့် မရှိမဖြစ်လိုအပ်ချက်များကို ပြည်သူများ ကြံ့ကြံ့ခံနိုင်စေရေးအတွက် အလှူရှင်များရှာဖွေရန် အရေးတကြီး လိုအပ်နေသည်ကို သဘောတူညီစွာဖြင့် စုစည်းဖြစ်တည်လာခဲ့ခြင်း ဖြစ်ပါသည်။ 
ကျွန်ုပ်တို့သည် အသက်အရွယ်အမျိုးမျိုးသော လူပေါင်း ၃၀,၀၀၀ ကို အထောက်အပံ့ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် မီးရထားဝန်ထမ်းများ၊ ဆရာ/မများ၊ ကျန်းမာရေးဝန်ထမ်းများကဲ့သို့သော ပြည်သူ့ဝန်ထမ်းများအပါအဝင် တောင်သူလယ်သမားများ၊ အခြေခံလက်လုပ်လက်စားဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ကျောင်းသူ/သားများနှင့် စစ်ဘေးရှောင်များအတွက် အရေးပေါ်လိုအပ်နေသော အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် နှစ်သိမ့်ဆွေးနွေးမှုများကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ HDFM အနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အလှူငွေများကောက်ခံခြင်းနှင့် အလှူငွေများကို ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ရာတွင် ပိုမိုပူးပေါင်းပါဝင်နိုင်မည့် လုပ်ငန်းစဉ်များအတွက် ယန္တရားတစ်ခုအဖြစ် ထမ်းဆောင်ပေးသွားမည်ပင် ဖြစ်ပါသည်။

Food supplies
Image by Zinko Hein

"လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်ပါ"

လူတွေက မျှတမှုကင်းမဲ့၊ သူ့ဖက် ကိုယ့်ဖက် ထည့်မတွက်ဘဲနဲ့ တစ်ကိုယ်ကောင်း ဆန်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်ပေးလိုက်ပါ။ သင်က နူးညံ့ကြင်နာရင် ရည်ရွယ်ချက်ရှိရှိ ကိုယ်ကျိုးအတွက် အကြံအစည်နဲ့ မရိုးမသားလုပ်တယ်လို့ စွပ်စွဲလာတတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကြင်ကြင်နာနာနေလိုက်ပါ။ သင်က အောင်မြင်သူဖြစ်နေရင်လည်း မိတ်ဆွေတုတွေနဲ့ ရန်သူစစ်စစ်တွေ ကြုံလာရပါမယ်။ ဘာပဲဖြစ်ဖြစ် အောင်အောင်မြင်မြင်နေလိုက်ပါ။ သင်က ရိုးသားသူ ပွင့်လင်းသူဖြစ်ပြန်တော့လည်း လှည့်ဖြားချင်သူတွေနဲ့ တွေ့လာရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ရိုးသားပွင့်လင်းလိုက်ပါ။ သင် နှစ်နဲ့ချီပြီး တည်ဆောက်ထားတာတွေကိုလည်း တစ်ယောက်ယောက်က ညတွင်းချင်းကို ဖျက်ဆီးပစ်လိုက်နိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် တည်ဆောက်စရာရှိတာကို တည်ဆောက်လိုက်ပါ။ သင် ချမ်းမြေ့နေ၊ ပျော်ရွှင်နေရင် မနာလိုတဲ့သူတွေ ရှိလာနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်အောင် နေလိုက်ပါ။ သင် ဒီနေ့ကောင်းတာလုပ်လိုက်လည်း မနက်ဖြန်ကျ မေ့သွားတတ်ကြတာများပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာတွေ လုပ်နေလိုက်ပါ။ သင်စွမ်းနိုင်သမျှ အကောင်းဆုံးတွေကို ပေးဆပ်နေလည်း မလုံလောက်နိုင်တာ ဒီလောကကြီးပါပဲ။ ဘာဖြစ်ဖြစ် လောကကြီးအတွက် ကိုယ့်မှာရှိသမျှ အကောင်းဆုံးတွေပဲ ပေးဆပ်လိုက်ပါ။ သင် မြင်အောင် ကြည့်ကြည့်လိုက်ပါ။ အဆုံးသတ်မှာ ဒါတွေအားလုံးအတွက် သုံးသပ်ချက်ဆိုတာ သင်နဲ့ သင့်ပတ်ဝန်းကျင်ကြားမှာ လုံးဝမဟုတ်ဘဲ သင်နဲ့ သင့်ဘုရားသခင်ကြားမှာပဲ ရှိနေတာပါ။ ~ မာသာ ထရီဇာ

HOW YOU CAN HELP

You can do a one-time donation or sponsor a family. If you want to volunteer or have ideas to help us, contact us at info@hdfm.org

GET TO KNOW US

Meet our team members and volunteers

Myanmar girl

Recent Updates

Verified Official Fundraiser of CRPH - OFP

IMG_0481.jpg
bottom of page